Monday, June 3, 2013

ဘလော့ မှာ လင့် ကိုအရောင်အမျိုးမျိုးပြောင်းချင်သူတွေအတွက်




အရမ်းလွယ်ပြီး အရမ်းလည်း လှတဲ့ နည်းလေးတစ်ခုပါ ။ ဘလော့ မှာ လင့် လုပ်ထားတဲ့ စာသားမှန်သမျှကို mouse point (hover) လုပ်လိုက်တာနဲ့ အရောင်အမျိုးမျိုးပြောင်းသွားတာက တော်တော်လှပါတယ် ။ အောက်ကပုံမှာရယ်၊ ကျနော့် ဘလော့ ရဲ့ လင့်တွေ အားလုံးနဲ့ ခေါင်းစဉ်တွေကို point လုပ်ပြီးတော့ရယ် ကြည့်ကြည့်လိုက်ပါ… ။
Image Hosting by Picoodle.com
လုပ်ချင်တယ် ဆိုရင်တော့ အောက်က စာသားလေးကို ကူးလိုက်ပါ ။
<script src=’http://heartbrade.googlepages.com/rainbow2.js’/>

ပြီးရင် Layout – Edit HTML ထဲက </head> ရဲ့ အပေါ်မှာ ထည့်ပေးလိုက်ပါ ။

Image Hosting by Picoodle.com
အဲဒါလေး ထည့် ပြီး save ပြီးတာနဲ့ ဘလော့ ကို ပြန်သွားကြည့်လိုက်ပါ..။ ၁၀ မျိုးထက်ပိုတဲ့ သက်တန့်ရောင်လေးတွေ point လုပ်လိုက်တာနဲ့ ပြေးနေပါလိမ့်မယ်။
.js ဆိုတဲ့ java script ဖိုင်လေးကို မိမိကိုယ်ပိုင် hosting တစ်ခု မှာ တင်လိုက်တာ ပိုကောင်းပါတယ်။
( ဘယ်လိုလုပ်ရမှန်းမသိတဲ့ ဘလော့ဂါ အသစ်လေးတွေ အတွက်ရေးလိုက်ပါ့မယ်။
http://heartbrade.googlepages.com/rainbow2.js ဆိုတာကို ကူး ပြီးရင် browser ရဲ့ Address bar မှာ ထည့်လိုက်ပါ။ Download ကျလာပါလိမ့်မယ်။ http://page.google.com/ လို hosting တစ်ခုမှာ upload ပြန်လုပ်ပြီး ကူးခဲ့တဲ့ နေရာမှာ ပြန်ပြောင်းပေးလိုက်ပါ။ )

အားလုံးအဆင်ပြေကြပါစေခင်ဗျာ ....

No comments:

Post a Comment